စမတ်ဖုန်း ဘက္ကထီရီသက်တမ်း ချွေတာနည်း ၇ မျိုး

ကျွန်တော်တို့ဟာ စမတ်ဖုန်းတွေကို တနေ့တခြား ပိုမိုပြီး အားထားလို့ လာနေကြပါတယ်။ ဈေးကွက်အတွင်းမှာလည်း ရွေးချယ်စရာ စမတ်ဖုန်းပေါင်းများစွာ ရှိလို့နေပါတယ်။ စမတ်ဖုန်းတွေအနေနဲ့ စွမ်းရည်မြင့်လာသလို မျက်နှာပြင် အရွယ်အစားဟာလည်း ဖုန်းတစ်လုံးထက်တစ်လုံး ပိုမိုကြီးမားလို့ လာနေပါတယ်။
ဒီအခြေအနေမှာ သုံးစွဲသူတွေ အနေနဲ့ ပေးဆပ်ရတာကတော့ ဘက္ကထရီသက်တမ်းပဲ ဖြစ်ပါတယ်။ ဘက္ကထရီရဲ့ သက်တမ်းဟာ ဖုန်းအမျိုးအစား ၊ စွမ်းဆောင်ရည် ၊ မျက်နှာပြင် အရွယ်အစား ၊ ဘက္ကထရီ အရွယ်အစားတို့ အပေါ်မှာ မူတည်နေသည်မှာ မှန်သော်လည်း သုံးစွဲပုံ၊ သုံးစွဲနည်း အပေါ်တွင်လည်း များစွာမူတည် နေပါတယ်။
သင့်အနေနဲ့ သင့်စမတ်ဖုန်းရဲ့ ဘက္ကထရီကို တစ်နေ့တာ အားသွင်းစရာ မလိုပဲ သုံးစွဲဖို့ ရရှိနိုင်ဖို့ ဆောင်ရွက်နိုင်တဲ့ အရာတွေ အများအပြားရှိပါတယ်။ အဲဒီအထဲကမှ အရိုးရှင်းဆုံးနဲ့ အထိရောက်ဆုံး နည်း ၇ မျိုးကို ဖော်ပြ ပေးလိုက်ပါတယ်။
Notifications (သို့) အသိပေးချက်များအား ပိတ်ထားခြင်း
နောက်ဆုံးပေါ် စမတ်ဖုန်းအားလုံးမှာ အရေးကြီးတဲ့ လုပ်ဆောင်ချက် တစ်ခုကတော့ Notifications ခေါ်တဲ့ အသိပေးချက်များပဲ ဖြစ်ပါတယ်။
အီးမေးလ် ၊ text ၊ ဖုန်းအဝင် စသည်ဖြင့် Notifications များဟာ အချိန်နဲ့အမျှ ဝင်ရောက်လာနေပြီး notification bar မှာ ပေါ်လာတတ်ပါတယ်။ Notifications များဟာ သင့်အနေနဲ့ ဖုန်းကိုအသုံးပြုနေခြင်း မရှိတဲ့ အချိန်မှာတောင် ဝင်ရောက်လာနေမှာ ဖြစ်တာကြောင့် ဘက္ကထရီစားစေပါတယ်။ Notifications များ ကို ပိတ်ထားခြင်းဖြင့် ဖုန်းကို standby လုပ်ထားတဲ့ အချိန်မှာ ဘက္ကထရီကုန်ခြင်းကို ကာကွယ်ပေးပြီး standby အချိန်ကို ပိုမိုရရှိစေမှာ ဖြစ်ပါတယ်။
Androd ၊ iOS ၊ Blackberry OS ၊ Windows Phone 8 တို့ အားလုံးဟာ မတူကွဲပြားတဲ့ Notification စနစ်များ ပါရှိသလို အသိပေးပုံပေးနည်းလည်း ကွဲပြားပါတယ်။ ဒါပေမယ့် သင့်အနေနဲ့ ဖုန်းရဲ့ Settings ထဲကို ဝင်ရောက်ပြီး ရှာဖွေကြည့်ရုံနဲ့ ဘယ် Notification တွေကို ပိတ်ထားလို့ ရမယ်သိရှိနိုင်မှာဖြစ်ပြီး အရေးမကြီးဘူးလို့ ယူဆရတဲ့ Notifications များကို ပိတ်ထားသင့်ပါတယ်။ စမတ်ဖုန်းတစ်ခုမှာ app တွေကနေ ရရှိတဲ့ Notifications များဟာ အများဆုံး ဖြတ်နေတတ်တာမို့ ဒါအချက်လေးကို ဂရုစိုက်ပြီး ပြင်ဆင်လိုက်မယ်ဆိုရင် အဆင်ပြေသွားပါလိမ့်မယ်။
Location Service (သို့) တည်နေရာ ညွှန်ပြမှုစနစ်အား ပိတ်ထားခြင်း
သင့်ရဲ့ စမတ်ဖုန်းမှာ တပ်ဆင်ထားတဲ့ GPS ကို ဖွင့်ထားပြီး ဖုန်းရဲ့ တည်နေရာညွှန်ပြမှုအား အသုံးပြုခြင်းဟာ ဖုန်းဘက္ကထရီကို အလျင်အမြန် ကုန်စေတဲ့ အချက်များထဲက တစ်ချက်ပဲ ဖြစ်ပါတယ်။
ယင်းအတွက်ကြောင့် Location service ကို လိုအပ်မှသာ အသုံးပြုသင့်ပါတယ်။ ဥပမာအားဖြင့်
0 comments:
Post a Comment