verification error အတွက် build prop ပြန်ရေးနည်းနှင့် Step 2 Fail error အတွက် official Firmware ပြန်တင်နည်း

ခုဖော်ပြပေးတဲ့ နည်းလမ်းလေးကတော့သိပြီးသား သူငယ်ချင်းများလည်း သိပြီးသားပါ မသိသေးတဲ့ သူငယ်ချင်းများအတွက် ပါ facebook က သူငယ်ချင်းတစ်ယောက် ရေးနည်းလေး ပြောပြပေးပါဆိုလို့ ရေးဖြစ်တာပါ။ ဒီနည်းလမ်းဟာ verification error တင်မဟုတ်ပဲ build number တူပြီး firmware တင်မရတဲ့ spet 2 fail အတွက်လည်း အဆင်ပြေပြီးတော့ stock recovery ပြန်တင်ချင်တဲ့သူငယ်ချင်းများအတွက်လည်းအဆင်ပြေစေမှာပါ။နောက်ဆုံးမိမိ လိုသလိုအသုံးချလို့ရနိုင်မဲ့နည်းလမ်းလေးမို့ စိတ်ရှည်ရှည်ထားပြီး ဖတ်စေချင်ပါတယ်။ တစ်ခုပဲပြောချင်တာပါ အွန်လိုင်းက လွယ်လွယ်ရတယ် ဆိုပြီးတော့ ဈေးကွက်မဖျက်စီးဖို့ပါပဲ လွယ်လွယ်ရပေမဲ့လည်း တန်ဖိုးထားစေချင်ပါတယ် အခက်အခဲဖြစ်နေတဲ့သူငယ်ချင်းများအတွက် ပုံတွေအများကြီးလုပ် စာတွေ အများကြီးရေးပြီးတင်ပေးထားတာလေးတော့ စာနာထောက်ထားပေးပါလို့ တောင်းဆိုပါရစေခင်ဗျာ။ တစ်ခြားဘာကိုမှ မမျှော်လင့်ပါဘူးခင်ဗျာ။လိုအပ်တဲ့ဆော့ဝဲလ်တွေကတော့
huawei firmware spliter
huawei finder
Ext4 unpacker
Aio Flasher တွေလိုအပ်ပါတယ်
ActivePerl Download
Unpacker all File Download
မေးထားတဲ့ အကိုက U9200 အတွက် မေးထားလို့ အဲဒါလေးနဲ့ လုပ်ပြထားပါတယ်ခင်ဗျာ။
ဒေါင်းပြီးသွားရင်တော့ စလိုက်မယ်နော်
အရင်ဆုံး Rar ဖိုင်နှစ်ဖိုင်ကို ဖြည်ထားပါ။ ကြည့်ရတာ ရှုပ်ရှက်ခက်မနေချင်ဘူးဆိုရင်တော့ extract files အနေနဲ့ ဖြည်ပါ။
အရင်ဆုံးကွန်ပျူတာမှာ ActivePerl ကို install လုပ်ထားပါ။
run ပြီးသွားရင်တော့ huawei update unpacker ဖြည်ထားတဲ့ အထဲကို မိမိဖြည်ချင်သော u9200 UPDATE.APP ဖိုင်လေးထည့်ထားလိုက်ပါ။



နောက်တစ်ဆင့်အနေနဲ့ Ext4 unpacker exe . rar ကိုလည်း ဖိုဒါအနေနဲ့ထပ်ဖြည်ထားပါ။
ထည့်လည်းပြီးပြီ ဖြည်လည်းပြီးသွားရင်တော့ split_updata ဆိုတာလေးကို Run ပေးလိုက်ပါ။
update.app ကို unpack လုပ်နေပါလိမ့်မယ် unknow files တွေ အနေနဲ့လုပ်နေပါလိမ့်မယ်။


ဘယ်ဖိုင် က recovery , boot , system ဖြစ်တယ်ဆိုတာကို Huawei Finder.bat ဖိုင်လေးနဲ့ထပ်ရှာရပါလိမ့်မယ်။
unknown file တွေထဲက ဘယ်ဖိုင်က ဘာလဲဆိုတာကို
သေချာချင်တယ် ဆိုရင်တော့ huawei finder နဲ့ ထပ်ရှာပါ။ သူက ဖိုင်အားလုံး unpack လုပ်ပြီးသွားရင်ပျောက်သွားပါတယ် လုပ်ပြီးသားဖိုင်တွေကို
တော့ output ဖိုဒါလေးနဲ့ထုတ်ပေးထားပါတယ်။
သေချာအောင်တော့ တစ်ချက်ဖွင့်ကြည့်လိုက်ပါအုံးအထဲမှာဖိုင်တွေပါရဲ့လားပေါ့။


ပြီးရင်တော့ huaweiFinder.bat ဖိုင်လေးကို run ပေးလိုက်ပါ။ recovery နဲ့boot ဖိုင်နှစ်ဖိုင်နာမည်ရပြီးရင်
press any key to continue ဆိုတဲ့ စာသားပေါ်လာရင် ကီးဘုတ်မှ ကီးတစ်ခုခုကိုနှိပ်ပေးလိုက်ပါ။ သူ့ဖာသာ
ပျောက်သွားပါလိမ့်မယ် ပြီးရင် output ဖိုဒါထဲကိုပြန်ကြည့်လိုက်ပါ။ recovery.img , boot.img , system.img လေးတွေ တွေ့နေရပါလိမ့်မယ်။


အဲဒီမှာ တစ်ခုပြောချင်တာက ကိုက cwm တင်ထားတယ် မူရင်း recovery ပြန်သွင်းချင်တယ်ဆိုလည်း အဲဒီက recovery.img လည်း flashလို့ရပါတယ်
boot.img ပြန်တင်ချင်လည်း အိုကေပါတယ် နောက်ဆုံး verification error မရှိတဲ့ အလုံး bulid number တူတယ် အလုံးဆို system.img ဖိုင် သုံးဖိုင်လုံးကို
fastboot ဖိုဒါထဲထည့်ပြီး command လိုင်းက နေ flash လို့ရပါတယ်။ နည်းလမ်းကတော့ ဖုန်းကို fastboot mode ၀င်ထားပြီး ကွန်ပျူတာနဲ့ချိတ်ပေါ့နော်
fastboot ဖိုဒါထဲက Fastboot command က flash လုပ်မှာမို့ fastboot ၀င်ထားတာပါ သိပြီးသူများလည်း သိပြီးသားပါ မသိသေးတဲ့ သူငယ်ချင်းများအတွက် အောက်က
command နဲ့ flash လို့ရပါတယ်။ အရင်ဖုန်း ဖုန်းနဲ့ computer ချိတ်ပြီးသွားရင်တော့ C:\ အောက်ထဲမှာ fastboot ဖိုဒါထားပါ။ ပြီးရင် အဲဒီ သွင်းချင်တဲ့ သုံးဖိုင်လုံး အဲဒီ ဖိုဒါထဲ ကူးထည့်ထားပါ။
အရင်ဆုံး ဖုန်းနဲ့ ကွန်ပျူတာနဲ့ သိလားဆို တာကို စမ်းဖို့အတွက် command မှာ
fastboot devices လို့ရိုက်ပြီး enter ခေါက်ပါ။ နံပါတ်တွေ ပြရင်သိပါပြီ သိပြီးဆိုနောက် တစ်ကြောင်းပေါ့။
fastboot flash recovery recovery.img enter ပေါ့နော်
fastboot flash system system.img
fastboot flash boot boot.img
fastboot reboot ဆိုရင်တော့ ဖုန်းက ပြန်တတ်လာပါ့လိမ့်မယ် build prop တူပြီး step 2 fail error တတ်နေတဲ့အလုံးတွေလဲ ဒီနည်းလမ်းနဲ့တင်လို့ရပါတယ်
လေရှည်နေတာနဲ့ build prop ရေးနည်းလမ်း ပြန်ဆက်မယ်နော်
build prop က system.img ထဲမှာ ရှိတာမို့ အဲဒီ system.img ထဲက ထုတ်ယူရပါမယ်။
အရင်ဆုံး Ext4 unpacker ဖိုဒါကိုဖွင့်ပြီး ext4 unpacker android icon နဲ့ ဖိုင်လေးကို Run ပေးပြီး အပေါ်နားက
ဖိုင်ထည့်မဲ့နေရာကိုနှိပ်ပြီး output ဖိုဒါထဲက system.img ကိုရွေးပေးပြီး open နှိပ်လိုက်ပါ။
build.prop ပေါ်မှာ right click နှိပ်ပြီး extract ကိုရွေး
ပေးလိုက်ပါ့ သိမ်းဖို့နေရာ မေးရင်တော့ ဖိုင်ရောမှာကြောက်ရင် output ဖိုဒါထဲမှာပဲ ပြန် save လိုက်ပြီး Ext4 unpacker ကို ပိတ်လိုက်ပါ။
output ဖိုဒါထဲကိုသွားကြည့်လိုကပါ။ build.prop ဖိုင်လေး ရောက်နေပါပြီခင်ဗျာ။






လိုချင်တာရပြီဆိုတော့ ပြန်ရေးဖို့ အတွက် Aio Flasher ကို သုံးပါမယ်။
Aio Flasher ဖိုဒါကို ဖွင့်ပြီး အထဲမှာ ပါတဲ့ Android AIO Flasher ကို run ပေးလိုက်ပါ။ အရင်ဆုံး build.prop ရေးရန်အတွက် ထိပ်က
1 Build.prop Editor ကိုရွေးပေးပါ
2 Fom Local File ကိုပြောင်းပေးပါ။
3 Import မှ မိမိထုတ်ယူထားသော output ဖိုဒါထဲမှာ build.prop ဖိုင်အားရွေးပေးပါ။
4 Open in editor ကိုနှိပ်ပါ Build.prop ဖိုင်ထဲပါတာတွေ ပြပေးပါ့လိမ့်မယ်
5 Save Changes ကိုနှိပ်ပါ။ ဖုန်းထဲကို ပြောင်းဖို့အတွက်ပါ။
6 Flash to Device ကိုနှိပ်ပါ။
7 Reboot device ကိုနှိပ်ပေးလိုက်ပါ။
အဲဒီမှာ ဖုန်းကို ဘယ် mode မှာ ရေးရမလဲလို့ပြောစရာရှိပါတယ် အဲဒါက ဘယ် mode မှာမဆိုရေးလို့ရပါတယ် Fastboot mode, recovery mode, normal mode ကြိုက်နှစ်သက်ရာနဲ့ရေးပါ။


Verification error အတွက် build.prop ပြန်ရေးပြီးသွားပါပြီဖြစ်လို့ အဲဒီ Build.prop ထုတ်ထားတဲ့ မူရင်း dload ဖိုင်နဲ့ ပဲတင်လိုက်ပါ။ အားလုံးအိုကေသွားပါလိမ့်မယ်။ အဲဒါနဲ့ရေးချင်ဘူးဆိုလည်း ခွဲ
ထုတ်ထားတဲ့အထဲက system,recovery,boot ဖိုင်သုံးဖိုင်ကိုပြန် flash ပေးလည်းရပါတယ်ခင်ဗျာ။ ကျန်တာတွေကတော့ လိုသလိုသာ အသုံးချလို့ရပါပြီခင်ဗျာ ။လက်လည်းညောင်းသွားပြီ
ဒီလောက်ဆိုသူငယ်ချင်းအားလုံးအဆင်ပြေကြမယ်ထင်ပါတယ်။ သူငယ်ချင်းအားလုံးကို အထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ။
အကိုရေ ကျတော့ G730-C00 က Image signature verify failed ဖြစ်နေတာ အကိုပြောသလိုလုပ်တာ computer က driver မတက်ဘူးဗျ ဘယ်လိုမှလုပ်လို့မရလို့ကူညီပေးပါဦးခင်ဗျ ကျေးဇူးတင်ပါတယ်ခင်ဗျ
ReplyDeleteGO TO THIS SITE FOR G730 COO STEP 2 ERROR---> http://www.mm-mpxteam.net/forum.php?mod=viewthread&tid=13494
DeleteStep 2 Fail Error အတွက် Official Firmware ပြန်တင်နည်း - Car Showroom >>>>> Download Now
Delete>>>>> Download Full
Step 2 Fail Error အတွက် Official Firmware ပြန်တင်နည်း - Car Showroom >>>>> Download LINK
>>>>> Download Now
Step 2 Fail Error အတွက် Official Firmware ပြန်တင်နည်း - Car Showroom >>>>> Download Full
>>>>> Download LINK ct
YES YOU! NO PROBLEM! HAVE FUN!
ReplyDeleteStep 2 Fail Error အတွက် Official Firmware ပြန်တင်နည်း - Car Showroom >>>>> Download Now
ReplyDelete>>>>> Download Full
Step 2 Fail Error အတွက် Official Firmware ပြန်တင်နည်း - Car Showroom >>>>> Download LINK
>>>>> Download Now
Step 2 Fail Error အတွက် Official Firmware ပြန်တင်နည်း - Car Showroom >>>>> Download Full
>>>>> Download LINK