Android OS Version 4.2 နှင့် အထက်မှာ USB Debugging ON ဖို့အတွက်

Android OS Version 4.2 နှင့် အထက်မှာ USB Debugging ကို ON ဖို့အတွက် Developer Option ကို အရင်ရှာရပါမယ်။ ဒါပေမဲ့ မတွေ့တာက ခက်နေတယ်ဗျ။ 
အဲ့တာလေးကို ဖြေရှင်းဖို့အတွက် မသိတဲ့ သူတွေ ကို SHARE လုပ်ပေးလိုက်ပါတယ်။ အောက်က အဆင့်အတိုင်း STEP  by  STEP လိုက်လုပ်လိုက်ပါ။

(၁) Setting ထဲကို ၀င်ပါ။
(၂) 4.2 နှင့်အထက်မှာ SETTING မှာ အစ ပုံစံတွေ ပြောင်းသွားပါတယ်။ အပေါ်ဆုံး ညာဘက်ထောင့်နားက MORE ဆိုတာကို နှိပ်လိုက်ပါ။

(၃) About Phone ထဲဝင်ပါ။
(၄) About Phone ထဲကမှ အောက်ဆုံးကို ဆင်းလိုက်ပါ။
(၅) Build Number ဆိုတာလေးကို တွေ့အောင်ရှာလိုက်ပါ။
(၆) Build Number ကို (၇) ချက်တိတိ နှိပ်ပေးပါ။
(၇) You Are Now Developer ဆိုတဲ့ စာလေးပေါ်လာရင်တော့ ရပါပြီ။

ကဲ Back တစ်ချက်နှိပ်ပြီး ပြန်ကြည့်လိုက်ပါဦး။ Developer Option လေးပေါ်ပြီလားလို့။
ဒါဆိုရင်တော့ Debugging ON ဖို့ အဆင်ပြေလောက်ပြီထင်ပါတယ်နော်။


အဆင်ပြေကြပါစေ။

0 comments:

Post a Comment

 
CAR SHOWROOM © 2013. All Rights Reserved. theinzawtun by Blogger
Top
Blogger Widgets