မန္တလေးလေဆိပ်တွင် ဂရိတ်ဖရုသီးထဲ ဝှက်ထည့်ထားသည့် ကျောက်စိမ်းတုံးများတွေ့



မန္တလေး၊ ဒီဇင်ဘာ ၁၈  ။   မန္တလေးတိုင်းဒေသကြီး တံတားဦး မြို့နယ်ရှိ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ခန္တီးလေဆိပ်မှ ဆိုက်ရောက်လာသည့် လေယာဉ်ဖြင့် ပါရှိလာသည့် ခရီးသည်များ၏ အိတ်များကို စစ်ဆေးရာမှ ပိုင်ရှင်မဲ့ ဂရိတ်ဖရုသီး (Great Fruit) ထဲတွင် ဝှက်၍ထည့် ထားသည့် ကျောက်စိမ်းတုံးများ တွေ့ရှိခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထံမှ စုံစမ်း သိရှိရသည်။

အဆိုပါ ခရီးဆောင်အိတ်များကို ခရီးသည်များနှင့် လေဆိပ်တာဝန်ကျ အကောက်ခွန်မှူးများ ပူးပေါင်း စစ်ဆေးခဲ့ရာမှ တွေ့ရှိခဲ့ကြောင်း မန္တလေးအပြည်ပြည် ဆိုင်ရာလေဆိပ် တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ယင်း ပူးပေါင်းစစ်ဆေးရေး အဖွဲ့သည် ပိုင်ရှင်မပါ ဂရိတ်ဖရုသီး ၁၅လုံးပါ လက်ဆွဲခြင်း တစ်လုံးကို မသင်္ကာဖွယ် တွေ့ရှိသဖြင့် ဂရိတ်ဖရုသီး များကို ခွဲစိတ်စစ်ဆေးရာ သစ်သီးများအတွင်း သိုဝှက် သယ်ဆောင်လာသော ကျောက်စိမ်းတုံးငယ် ၂၄ တုံး အလေးချိန် ၂၈ ကျပ်သားခန့်ကို တွေရှိခဲ့ကြောင်း ၄င်းက ထပ်မံပြောကြားသည်။

အဆိုပါတွေ့ရှိသော ကျောက်စိမ်းတုံး များကို အကောက်ခွန်ဥပဒေ နှင့်အညီ သိမ်းဆည်း ထားရှိပြီး တရားခံ ဖော်ထုတ် ဖမ်းဆီးရမိရေး အတွက် စုံစမ်းဆောင်ရွက်လျက် ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။


Ref & Credit : The Voice Weekly
www.thefreenote.com

0 comments:

Post a Comment

 
CAR SHOWROOM © 2013. All Rights Reserved. theinzawtun by Blogger
Top
Blogger Widgets