Huawei Y511-U00 Firmware တင်နည်း

ကျွန်တော်ပို့မတင်နိုင်တာ ၇ ရက်ရှိပါပြီ တောင်ဆိုထားတဲ့ အကိုတွေကို အားတော့နာပါတယ် စက်ရုံမှာ
နိုင်ငံခြားသားတွေ ရောက်နေတော့ အင်တာနက်လိုင်းတွေ ပိတ်ထားတဲ့အတွက် တောင်းဆိုထားတာတွေ
တင်မပေးနိုင်တာ နားလည်ပေးကြပါနော် နောက် ၁၀ ရက်လောက်ဆိုရင်တော့ ပြန်ဖွင့်ပေးမယ်ထင်ပါတယ် ဒီ firmware လေးကအရေးကြီးလို့ ဒေါင်းရင်
ပြန်တင်ပေလိုက်ပါတယ် အခက်ခဲရှိနေတဲ့ သူငယ်ချင်းများအတွက်တယ် တော်တော်လေး ရှာလိုက်တော့မှ china site တစ်ခုကနေ တွေ့တယ်...
အခုတော့ firmware ပြန်တင်လိုက်တာ အဆင်ပြေသွားပါပြီ...
အဲဒါနဲ့ သူငယ်ချင်းတွေလည်း အဲလိုဖြစ်ရင် ပြန်တင်လို့ ရအောင် ပြန်တင်ပေးလိုက်ပါတယ်ဗျာ...
အောက်က link မှာ ဒေါင်းလိုက်ပါနော်...
အဲဒီမှာ 3 file ရှိတယ်...
01_HUAWEI_Y511-U00_XSJZB_ydss_by_ZX.zip တစ်ဖိုင်ပဲ ဒေါင်းပြီး ရေးရင် အဆင်ပြေပါတယ်...
ကျွန်တော်တော့ သုံးဖိုင်လုံး ဆွဲလိုက်ရတယ်...
Huawei Y511-U00 firmware ပြန်တင်သူအားလုံး အဆင်ပြေကြပါစေဗျာ...
ရေးနည်းကတော့
- 01_HUAWEI_Y511-U00_XSJZB_ydss_by_ZX.zip ကို အရင်ဆုံးဖြည်ချပါ...
- SP_Flash_Tool_v3.1316.0.150 ဖိုဒါ ထဲမှ အပြာရောင်လေးနဲ့ Flash_tool.exe ကို run ပေးပါ...
- Scatter-loading နေရာတွင် ဖြည်ထားသော ဖိုဒါထဲမှ MT6572_Android_scatter_emmc.txt ကို ရွေးပေးပါ...
- Firmware -> Upgrade ဆိုတာလေးကို နှိပ်ပါ...
- ဖုန်းကို battery ဖြုတ်ပြီး 5seconds လောက်ထားပါ...
- battery ပြန်တပ်ပြီး မည့်သည့် ခလုတ်ကိုမှ မနှိပ်ပဲ USB ကြိုးချိတ်ပါ...
- Driver မသိလျှင် ကွန်ပျူတာ ရဲ့ Device Manager မှ ကျွန်တော်တို့ ဖြည်ထားခဲ့တဲ့ ဖိုဒါထဲမှ MTK USB Driver ဆိုသော ဖိုဒါလေးကို ရွေးပေးလိုက်ရင် အဆင်ပြေသွားပါပြီ...
မောင်ပေါက်< Knowledge Note >
www.maungpauk.org
0 comments:
Post a Comment