ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့ မန္တလေး- လားရှိုး လမ်းဘေး ပန်ဟုတ်ကျေးရွာ အနောက်ဘက် လယ်ကွင်းထဲ၌ ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် ကိုဖိုးလုံး(ခ) ကိုကျော်စိုးအောင်က တစ်နာရီလျှင် ကီလိုမီတာ ၃ဝ မှ ကီလိုမီတာ ၆ဝ အထိ ပျံသန်းနိုင်သော စက်တပ် လေထီးကို မြေပြင်မှ အထက်ပေ ၁ဝ၇ဝ အမြင့်မှ ပျံသန်း ပြသခဲ့သည်။

အဆိုပါ စက်တပ်လေထီး (ပါရာမိုတာ)ကို ကိုဖိုးလုံး (ခ) ကိုကျော်စိုးအောင်သည် သုံးနှစ်တိုင်တိုင် ကိုယ်တိုင် တီထွင်ကြံဆ တည်ဆောက်ခဲ့ကာ အပတ်တကုတ် ကြိုးစား လေ့ကျင့် ရခဲ့ခြင်း ဖြစ်ပြီး မြန်မာ နိုင်ငံသား ပထမ ဦးဆုံး စွန့်ဦး တီထွင်သူနှင့် ဝေဟင်ထက်မှ သက်စွန့်ကြိုးပမ်း ပျံသန်းနိုင်သူ ဖြစ်ကြောင်းသိရသည်။

အဆိုပါ စက်တပ် လေထီး (ပါရာမိုတာ)သည် အလေးချိန် ၂၅ ပိဿာ ရှိပြီး စက်တပ်ယာဉ်နှင့် တွဲထားသော လေထီးသည် ၂၅ မီတာရှိပြီး အမြင့်ဆုံး စမ်းသပ်ပျံသန်း မှုသည် ပေ ၃၅ဝဝ ထိ ပျံသန်း နိုင်ကြောင်း သိရသည်။

မလတ် (ကျောက်မဲ)


Ref & Credit : မြ၀တီ
www.thefreenote.com

0 comments:

Post a Comment

 
CAR SHOWROOM © 2013. All Rights Reserved. theinzawtun by Blogger
Top
Blogger Widgets