မင်္ဂလာပါ။ ခုဒီစာလေးကိုဖတ်တဲ့ သူငယ်ချင်းတွေလည်း Multiply website ကဖြစ်ကောင်းလည်းဖြစ်နိုင်ပါလိမ့်မယ်။ Tech in Blogging မှ www.multiply.com ရဲ့တစ်ချိန်တစ်ခါက ဘာလေးဖြစ်ခဲ့တယ်ဆိုတာကိုပြောပါဦးမယ်။ သမိုင်းလေးကို ရှာရှာဖွေဖွေလေးပေါ့။
၂၀၀၉ ခုနှစ်တုန်းက Multiply စသုံးခဲ့ပါတယ်။ အဲ့အချိန်တုန်းကဆိုရင် Blogger တို့ WordPress တို့ဟာ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ACCESS DENIED ဖြစ်ခဲ့ပါတယ်။ လူတိုင်းက Blog တစ်ခုကိုပိုင်ဆိုင်ချင်ကြပါတယ် ကျွန်တော်လည်း အပါအ၀င်ပေါ့။ ကျွန်တော့်မှာအားကျတဲ့ ဆရာတွေရှိပါတယ်။ အရင်ကဆိုရင် kp3family၊ ညီနေမင်း၊ ဇောင်း၊ ကိုဇော် တို့ပေါ့။ သူငယ်ချင်းတွေက Multiply သုံးတော့ ကျွန်တော်လည်းသူတို့မျှားခေါ်တဲ့နေရာကိုရောက်သွားပါတယ်။
အဲ့ဒီကိုရောက်တော့ ကျွန်တော်က ကိုဇော်တို့ ကိုဇောင်းတို့ရဲ့အရည်အချင်းကို အားကျတော့ လိုက်တုမိပါတယ်(ကျွန်တော်လူတော်ခုထက်ထိမဖြစ်သေးပါ)။ နောက်တော့ Multiply ဟာဘယ်လောက်ကောင်းလဲဆိုတာလူတိုင်းသိပါတော့တယ်။ Facebook လိုပဲ တစ်ယောက်နဲ့တစ်ယောက်ခင်ရအရမ်းလွယ်ပါတယ်။ ကိုယ်ပိုင်တဲ့ Blog လိုပဲ ဆိုဒ်လေးကို အလှဆင်လို့ရပါတယ် [ချွင်းချက်။ ။ Javascript မပါ]။ တစ်ခုကောင်းတာက တခြားဆိုဒ်တွေလို phishing လုပ်လို့မရပါဘူး။ ကိုယ့်ရဲ့ပိုစ့်လေးတွေလည်း ဝေမျှရအရမ်းလွယ်ပါတယ်။ ဒါပေမယ့် Blogger တို့ WordPress တို့နဲ့ဆန့်ကျင်ဘက်တွေအရမ်းများပါတယ်။
လူတိုင်းချစ်ပြီး ကိုင်လို့ကောင်းတဲ့ Multiply platform လေးဟာ ၂၀၁၂ ဒီဇင်ဘာမှာ ပျောက်ကွယ်မယ်လို့ ကြားသိခဲ့ရပေမယ့် ၂၀၁၃ မှာတော့ Philippines တို့ရောင်းဝယ်ရာ online ဈေးကွက်တစ်ခုအဖြစ်ပြောင်းလဲသွားပါတယ်။
Multiply အသက်ဝင်တဲ့အချိန်က ဒီဇင်ဘာ ၂၀၀၃ ခုနှစ်ဖြစ်ပါတယ်။ ၀ဘ်ဆိုဒ်လေးအမြစ်ပေါက်တဲ့ နှစ်က နိုဝင်ဘာလ ၂၀ရက်နေ့ ၂၀၀၀ ခုနှစ်ပါ။ တည်ထောင်သူကတော့ Stefan Magdalinski (အထက်ပါပုံ) ဖြစ်ပါတယ်။ Multiply ရဲ့တည်နေရာကတော့ Singapore ဖြစ်ပါတယ်။ သူတို့က Philippines ကိုအဓိကချိတ်ဆက်ထားတာပါ။ အစကတော့ social networking နဲ့အတူ စီးပွားဖြစ်ဖို့အတွက် တည်ထောင်လိုက်တာပါ။ အရင်တုန်းကတော့ MSN ကို Microsoft ကပယ်မှာမို့ Multiply က အသက်သွေးကြောအဖြစ် ကယ်တင်ထားခဲ့တာပါ။
ဖြစ်ခဲ့ပါတယ်။ အပေါ်က logo လေးက အရင်က Multiply လေးပါ။ အဲ့ဒီ logo ရဲ့အဓိပ္ပါယ်က လူမှုကွန်ယက်နှင့် မိတ်ဆွေဖွဲ့တယ်ဆိုတဲ့ အဓိပ္ပါယ်သက်ရောက်ပါတယ်။ ဘလော့တင်မကပါဘူး။ သီချင်း၊ ဗီဒီယို၊ စာတို၊ ဓာတ်ပုံပါတင်လို့ရပါတယ်။ တစ်မူထူးခြားတာက တင်ပြီးရင်သူများ Email ကို Subscribe လုပ်ပေးလို့ရပါတယ်။ Multiply ကိုဆိုဒ်ကလေးအဖြစ်ဝင်ဖို့ ဖိတ်ခေါ်လို့ရပါတယ်။ မိသားစုအဖြစ်နဲ့လည်း ပေါင်းလို့ရပါတယ်။ ပြီးတော့ ၀င်ရတာအလွန်လွယ်ကူလှပါတယ်။
၂၀၁၃ Multiply အထက်ပါ logo ကတော့ လုံးဝအသုံးမကျတဲ့ logo ပါ။ အရင်ကအသက်ရှင်နေတဲ့ Multiply users များကို ကစ်လိုက်တဲ့ logo ပါ။ Indonesia နဲ့ Philippines အတွက်ပဲရပါတယ်ဆိုဘဲ။ ၂၀၁၃ မှာ ပြောင်းလဲသွားတဲ့ Multiply အကြောင်းကို နိဒါန်းမရေးပါဘူးဗျာ။
India ၊ Indonesia ၊ Philippines ၊ USA ၊ Pakistan ၊ Thailand တို့ဖြစ်ပါတယ်။ အများစုက India ပါ။
မိသားစုပုံ၊ သားသမီးပုံ၊ အမှတ်တရပုံ၊ ကာတွန်းပုံတွေလူအသုံးများပါတယ်။ သီချင်းတွေကိုတော့မတင်ဖြစ်ဘူး။ နည်းပညာတို့ မှတ်စုတိုလေးတွေ စုဆောင်းတဲ့နေရာအဖြစ် Multiply ကအသုံးဝင်ခဲ့တာပါ။ ပြီးတော့ ဒီမိုကရေစီခေတ်မတိုင်မီတုန်းကဆိုရင် proxy ကျော်ဖို့အခက်အခဲရှိတာကြောင့် အသုံးများတာပါ။ နောက်တစ်ခုက အရင်က ACCESS DENIED ကြောင့်မြန်မာနိုင်ငံမှာ Blogger, WordPress ဆိုတာ သုံးမရလို့ Multiply ကဘလော့အဖြည့်ခံအဖြစ်နဲ့ social networking ကိုထိုးဖောက်လာတာပါ။ မိသားစုလည်း ဖွဲ့လို့ရတယ်ဆိုတဲ့ Multiply ဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် communication လုပ်ရအလွန်လွယ်ကူပါတယ်။ HTML တို့ CSS တို့ရေးရတာအလွန်လွယ်ကူလှပါတယ်။ share လုပ်ရတာ လွယ်ကူလှပါတယ်။
သူက Blogger လို Javascript မရပါဘူး။ Custom domain မရပါဘူး။ Free နဲ့ Premium service နဲ့လည်း ခွဲခြားထားပါသေးတယ်။ နောက်ပိုင်းတော့ shopping service ထွက်လာတဲ့အတွက် ဆိုဒ်ပိုင်းဆိုင်ရာတွေက တဖြည်းဖြည်း ချို့ယွင်းလာခဲ့ကြပါတယ်။
ဒီ Graph က ဖေဖေါ်ဝါရီလ ၂၀၁၃တုန်းက နေ ယခုဧပြီလအထိ Alexa မှဖော်ထုတ်ထားတဲ့ result ပါ။ March ၂၃ရက်နေ့ ၂၀၁၃ မှာ ကျွန်တော်တို့ချစ်တဲ့ International Multiply ကြီးဟာ ပျောက်ကွယ်သွားတဲ့ အချိန်ကစပြီး အသုံးပြုဦးရေဟာ တစ်ရှိန်ထိုးကျဆင်းသွားပါတယ်။ Philippines နဲ့ Indonesia အတွက်ပဲဖြစ်ပါတယ်။ ခု Philippines နဲ့ Indonesia တို့ IP နဲ့ပဲဝင်လို့ရပါမယ်။ Multiply ကို sign up လုပ်ရင် ကျွန်တော်ပေးတဲ့လင့်နဲ့ဖောက်ဝင်ပါ။

Multiply ကိုတည်ထောင်ခဲ့တဲ့ Stefen Magdalinski

ဒီ proxy တွေကိုသုံးပြီး login ကိုဝင်လို့ရအောင်ပါ။ Hack နည်းဆိုပေမယ့် ကိုယ့်အတွက်ပဲအသုံးဝင်တယ်။ ဘယ်သူ့အတွက်မထိခိုက်ပါဘူး။ဒီဇင်ဘာ ၁ရက်နေ့ ၂၀၁၂ မှာ ကြော်ငြာခဲ့တာပါ။ Multiply ကဈေးတန်းဖြစ်မှာမို့ အနှေးအနဲ့အမြန် Blogger သို့ရွေ့ပါလို့ပြောကြားခဲ့ပါတယ်။ အတည်ပိတ်ခဲ့တာတော့ March လမှ social networking ဘ၀မှ သေဆုံးသွားပါတယ်ဗျာ။
Philippines proxy - http://adf.ly/NUqva
Indonesia proxy - http://adf.ly/NVDhh
အများကြီးရှိပါသေးတယ်။ ခုလိုလဖတ်တာကျေးဇူးတင်ပါတယ်။ တစ်ချိန်တစ်ခါက အတိတ်ကို ကျွန်တော်ဖော်ပြတာပဲရှိပါတယ်။ သိရင် အောက်ပါအတိုင်း comment ပေးပါဗျာ။ လေးစားစွာဖြင့် ,,, YGNBlogger
0 comments:
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.