Nokia ၏ ပထမဆုံး Android စမတ်ဖုန်း မကြာမီ ထွက်ရှိလာဖွယ်ရှိ
Wall Street Journal ၏ အဆိုအရ Nokia အနေဖြင့် ယင်းတို့၏ ပထမဆုံးသော Android စမတ်ဖုန်းအား မကြာမီ ကျင်းပတော့မည့် Mobile World Conference (MWC) ၌ ထုတ်ဖော်ပြသဖွယ် ရှိသည်ဟု သိရှိရသည်။ Normandy ဟု လျှို့ဝှက်အမည် ပေးထားသည့် အဆိုပါ စမတ်ဖုန်းတွင် အထူး ပြုပြင်ထားသည့် Android OS အား အသုံးပြုမည်ဟု သိရှိရသည်။
Nokia အနေဖြင့် Normandy အား Nokia X ဟု တရားဝင် ခေါ်ဆိုဖွယ်ရှိပြီး Windows OS နှင့် ဆင်တူအောင် ဖန်တီးထားသည်ကို အင်တာနက်ပေါ် ပျံ့နှံ့နေသည့် လျှို့ဝှက်ဓာတ်ပုံများအရ သိရှိခဲ့ရပြီးဖြစ်သည်။ ထို့အပြင် ယင်းတို့၏ အဓိက မဟာမိတ်ဖြစ်သူ Microsoft ၏ ဝန်ဆောင်မှုများကိုလည်း အဆိုပါဖုန်းတွင် ထည့်သွင်းပေးထားမည် ဖြစ်သလို Android Apps များကိုလည်း အသုံးပြုနိုင်ရန် သီးသန့် Store ထားရှိပေးမည်ဖြစ်သည်ဟု သိရှိရသည်။ Google Play Store ကိုမူ အသုံးပြုနိုင်မည် မဟုတ်ပေ။
အင်တာနက်ပေါ် ပျံ့နှံ့နေသည့် ဓာတ်ပုံများအရ Normandy စမတ်ဖုန်း၏ ဒီဇိုင်းပုံစံမှာ Nokia ၏ လက်ရှိ အနိမ့်စား Windows စမတ်ဖုန်းများနှင့် အလားသဏ္ဌာန် တူညီနေသည်ကို တွေ့ရှိရမည်ဖြစ်သည်။
အသေးစိတ် အချက်အလက် များကိုတော့ ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာမှ သိရှိရမှာ ဖြစ်ပါတယ်။
0 comments:
Post a Comment