Sony ရဲ့ စမတ်ဖုန်းအသစ် Xperia Z2


ယမန်နေ့ စပိန်နိုင်ငံ၊ ဘာစီလိုနာမှာ စတင်ကျင်းပခဲ့တဲ့ World Mobile Congress ရဲ့ ပထမရက်မှာပဲ Samsung က ယင်းတို့ရဲ့ Galaxy S5 အသစ်စက်စက်ကို ထုတ်ဖော်ပြသခဲ့သလို၊ Sony ကလည်း သူတို့ရဲ့ စမတ်ဖုန်းအသစ် Xperia Z2 ကို ဖော်ထုတ်ပြသခဲ့ပြန်ပါတယ်။
Xperia Z2 ရဲ့ မျက်နှာပြင်ဟာ ၅.၂ လက်မရှိပြီး Resolution ကတော့ 1920×1080 pixels (Full HD) ဖြစ်ကာ pixel သိပ်သည်ဆ တစ်လက်မကို ၄၂၄ pixel  ရှိပါတယ်။ ကိုယ်ထည်တစ်ခု လုံးရဲ့ အတိုင်းအတာကတော့ 146.8 x 73.3 x 8.2 mm (5.8 x 2.9 x .32 in) ဖြစ်ပါတယ်။ Android 4.4 (Kitkat) OS ကိုအသုံးပြု​ထား​တာဖြစ်ပြီး သူ့ရဲ့မြန်နှုန်းကတော့ 2.3GHz ဖြစ်ပါတယ်။
RAM မှာ 3GB ဖြစ်ပြီး ဖုန်းတွင်းမှတ်ဉာဏ်ကတော့ 16GB ဖြစ်ကာ ယင်းကို microSD အသုံးပြုပြီး ဖြည့်စွက်မှတ်ဉာဏ်အဖြစ် 64 GB ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အလေးချိန်အားဖြင့် ၁၆၃ ဂရမ် (.၃၆ ပေါင်) ရှိပါတယ်။
မျက်နှာပြင် ကင်မရာရဲ့ အရည်အသွေးကတော့ 2.2 MP ဖြစ်ပြီး 1080p အရည်အသွေးရှိ ဓာတ်ပုံများကို ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ ကျောဘက် ကင်မရာရဲ့ အရည်အသွေးမှာ 20.7 MP ဖြစ်ကာ 4K အရည်အသွေးရှိ ဗီဒီယိုများ ရိုက်ကူးနိုင်မှာပါ။
ဘက်ထရီပိုင်းမှာတော့ 3000mAh အားရှိ ဘက်ထရီကို တပ်ဆင်ထားတာမို့ ဖုန်းပြောဆိုချိန် ၁၉ နာရီ၊ အသင့်အနေအထား (stand by) တွင် နာရီ​ပေါင်း ၈၈၀၊ သီချင်း​နားတောင်​ချိန် ၁၂၀ နာရီ နဲ့ ဗီဒီယို ကြည့်ရှုချိန် ၁၀ နာရီ အထိ အသုံးပြု၍ ရနိုင်မှာဖြစ်ကြောင်း သိရပါတယ်။
Xperia Z2 ဟာသူ့ရဲ့ အစ်ကိုတော် Z1 လိုပဲ ဖုန်နှင့် ရေ၀င်မှုတို့ကို ကာကွယ်ပေးသည့် စနစ်ပါဝင်ပြီး Z1 ရဲ့ ၃.၂၈ ပေအနက်ထိ ရေစိမ်​ခံနိုင်မှုထက်ကျော်​လွန်ကာ ၅ ပေ ရေအနက်မှာ မိနစ် ၃၀ ကြာ ရေစိမ်ခံနိုင်မှာဖြစ်ပါတယ်။ အရောင်အားဖြင့် အဖြူ၊ အနက် နဲ့ ခရမ်း အရောင် ၃ မျိုးကို ရွေးချယ်နိုင်မှာဖြစ်ပါ​တယ်။ လာမယ့် မတ်လအတွင်းမှာ ဖြန့်ချိမှာဖြစ်သော်လည်း ဈေးနှုန်းအတိအကျကိုမူ Sony က ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါဘူး။

0 comments:

Post a Comment

 
CAR SHOWROOM © 2013. All Rights Reserved. theinzawtun by Blogger
Top
Blogger Widgets