ဗားရှင်းနိမ့် ဖုန်းများတွင် Application များများရအောင် ထည့်သွင်းနည်း

11:11 PM
ဗားရှင်းနိမ့်တဲ့ Android ဖုန်း အချို့ဟာ Memory ပမာဏ နည်းတတ်ကြပါတယ်။
ဒါကြောင့် Apps တွေ အများအပြား Install လုပ်ခွင့်မရနိုင်ပါဘူး။
ဒါဆို Apps တွေ အများကြီး ဘယ်လို ထည့်သွင်းကြမလဲ?
ကွန်တော် စမ်းသပ်ထားတဲ့ နည်းလေးကို ပြောပြပါ့မယ်။
၁။ မိမိ ဖုန်းဟာ Root နဲ့ CWM Recovery ( Clock Work Mod  Recovery ) ရှိပြီးသား ဖြစ်နေရပါမယ်။
၂။ SD Card 4GB / သို့မဟုတ် 4GB အထက် ကဒ် အသစ် တစ်ခုရှိရပါမယ်။
ဒါဆို ရပါပြီ။
အဆင့် ၁။
ရှေးဦးစွာ မိမိ ထည့်သွင်းထားသော 
Apk များနှင့် ၎င်းတို့၏ data များကို Backup လုပ်ထားလိုက်ပါ။ ဒီနေရာမှာ System app & User app တွေကို data နှင့်တကွ Backup လုပ်ထားလို့ရတဲ့ Titanium Backup apk ကို သုံးဖို့ အကြံပေးလိုပါတယ်။ 
မရှိရင်အောက်ကလင့်မှာဒေါင်းပါ။
Pro ဗားရှင်း ဆိုလို့ ဝယ်ထားတယ် မထင်လိုက်ပါနဲ့ဦး။ Custom Rom တစ်ခုထဲမှာ တွေ့လို့ ဆွဲထုတ် ထားလိုက်တာပါ။
အဆင့် ၂
SD Card အသစ်ကို စသုံးပါမယ်။
SD Card အသစ်ထည့်ပီး CWM Recovery ဝင်လိုက်ပါ။ 
Advanced / Partition sd card / ကနေ 1GB လောက် ပိုင်းလိုက်ပါ။ ROM တစ်ခုလုံးကို Format ချပီး Partition ပိုင်းသွားပါလိမ့်မယ်။
ကဲ စိတ်ကြိုက် app တွေထည့်ပေရော့။ Your Phone Storage is Low ပြတဲ့အထိ ထည့်ပစ်လိုက်ပါ။
အဆင့် ၃
Link2SD.apk လေးကို အောက်ကလင့် ကနေ ထပ်ဒေါင်းလိုက်ပါဦး။
Link2SD ကို Install လုပ်ပီး ဖွင့်လိုက်ပါ။ Partition ကိုရွေးခိုင်းပါလိမ့်မယ်။ sdext2 လို့ရွေးပေးလိုက်ပါ။ Reboot ချခိုင်းပါလိမ့်မယ်။ Reboot လုပ်ပေးလိုက်ပါ။
image
image
image
image
image
image
အဆင့် ၎
Power ပြန်တက်လာရင် Link2SD ကိုဖွင့်ပါ။  ဘယ်ဘက်ဘေးနားကို လက်နဲ့ပွတ်ဆွဲပီး Link Dalvik-Cache File လုပ်ပါ။ Menu ကိုနှိပ်ပီး Multi-Select ကနေ apk တွေအားလုံးကို Select ပေးလိုက်ပါ။ Select ပေးပီးရင် Menu ကနေ Creat Link / OK လုပ်ပါ။ 
မိမိ ဖုန်းရဲ့ Storage Memory ကို ကြည့်လိုက်ပါဦး။ Free Memory ဟာ အများကြီး ကျန်နေသေးတာကို တွေ့ရပါလိမ့်မယ်။ 
အဆင်ပြေကြပါစေ။
မှတ်ချက်။    ။ SD Card ဟာ Partition မဖြစ်ရင် အလုပ်မလုပ်ပါ။
မသိသေးသူများအတွက် ရည်ရွယ်ပါသည်။

0 comments:

Post a Comment

 
CAR SHOWROOM © 2013. All Rights Reserved. theinzawtun by Blogger
Top
Blogger Widgets