Galaxy S4 I9500 – Android KitKat 4.4.2 XXUFNB3 Firmware Update

Galaxy S4 I9500 ကိုင်ဆောင်သူများအတွက် Android KitKat 4.4.2 XXUFNB3
နဲ့ update ထွက်ရှိလာပြန်ပါပြီ။ အခုအသစ်ထွက်တဲ့ Firmware မှာ
ဖုန်းနဲ့ပိုပြီး stable ဖြစ်သလို အသုံးပြုရတာလည်း
သွက်လက်တာကိုတွေ့ရပါတယ်။User interface နည်းနည်းပြောင်းလဲသွားပြီး new
features များပါဝင်တယ်လို့ဆိုပါတယ်။ရယူအသုံးပြုလိုသူများ အောက်ပါ Tutorial
ကိုဆက်လက်ဖတ်ရှုပြီး ကိုယ်ကိုယ်တိုင် ဖုန်းကို firmware တင်ကြည့်ရအောင်။
အရင်ဆုံးမိမိအသုံးပြုမယ့် ကွန်ပျူတာမှာ Samsung Driver ရှိထားရပါမယ်။မရှိသေးရင် အောက်မှာရယူပါ။
ဒေါင်းပြီးရင် ကွန်ပျူတာမှာ ရမ်းထားလိုက်ပါ။
Galaxy S4 I9500 firmware ဖိုင်ကို အောက်မှာဒေါင်းလုတ်ရယူပါ။
Odin ကိုအောက်မှာရယူပါ။
Tusfiles zippyshare
Credit..byပထမဆုံးဖုန်း firmware ကိုရလျှင် Zip ဖြေလိုက်ပါ။
ပြီးရင် Odin ကို ကွန်ပျူတာမှာ ဖွင့်လိုက်ပါ။
ဖုန်းကို ပိတ်ပါ။
ပြီးရင် ဖုန်းရဲ့ Vol- Power Home သုံးခုကို တွဲနှိပ်ပြီး download mode ၀င်ပါ။Downloading မပေါ်သေးရင် vol+ ဆက်နှိပ်ပါ။
ဖုန်းကို USB ကြိုးနဲ့ ကွန်ပျူတာကိုထိုးလိုက်ပါ။Odin ရဲ့ ID.com အောက်မှာ အရောင်လေးသမ်းလာရင်ရပါပြီ။Odin ရဲ့ PDA မှာ အခုန Firmware ဇစ်ဖြေထားတဲ့အထဲက tar.md5 ဆိုတဲ့ဖိုင်ကိုယူပါ။ SS.DLL ဖိုင်ကိုလုံးဝမယူပါနဲ့။ပြီးရင် Start နှီပ်ပြီး ခဏစောင့်ပါ။Firmware ရေးနေတာကို Odin မှာ ပြပါလိမ့်မယ်.ခဏကြာရင် PASS ပြပါလိမ့်မယ်။ပြီးသွားပါပြီး။ ပြန်တက်လာလို့ Samsung Logo မှာလည်းနေရင် ဖုန်းကို ဓာတ်ခဲ့ဖြုတ်ပြီး vol+ power Home တွဲနှိပ်ပြီး recovery mode ၀င်ပါ။အဲထဲမှ factory data reset လုပ်ပေးပြီး reboot system now နှိပ်လိုက်ပါ။ အဆင်ပြေပါစေ။
ဒေါင်းနည်းလေးမသိရင် ဒီမှာ ၀င်ဖတ်ပေးပါခင်ဗျား
You might also like:
0 comments:
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.