Samsung Galaxy Note 2 N7100 ကို Official 4.3 တင်ခြင်း , Root ဖေါက်ခြင်း , မြန်မာစာထည့်သွင်းခြင်း





Thantunaung: Note 2 ကို 4.3 တင်ချင်လို့ပါ ဘယ်လိုလုပ်ရမလဲ တချက်လောက်ပြောပြပါလား..။
 တဆင့် ပြန်လည်မှဝေပေးလိုက်ပါတယ်...ဒီ နည်းအတိုင်း Samsung Galaxy Note 2 N7100 v4.3 မှာ မြန်မာစာ လုံးဝ မှန်ပါတယ် မြန်မာပြည်က ညီလေး KO Maw ခုပဲ လက်တွေ့ စမ်းသပ် ထားတာပါ...။



Note 2 အတွက် Official Firmware 4.3 Thai region နဲ့ ထွက်ရှိလာပါပြီ. မြန်မာစာတော့မပါသေးပါဘူး.. Root လုပ်ပြီးမှပဲ မြန်မာစာရမှာပါ..
ကဲ လိုအပ်တဲ့ Firmware လေး Download ဆွဲရအောင်.. Download ဆွဲရင် Resume ရအောင် link ချိန်းပေးထားပါတယ်..

Note2 4.3 Firmware Link Download Here

Odin Download Here

Download ဆွဲပြီးရင် Firmware ကို ဖြည်ချလိုက်ပါ..ပြီးရင် Phone ကို ပိတ်ပါ...
Download Mode ဝင်ပါ.. Vol Down + Home + Power ကိုစုံဖိထားရင် Waring စာသားတွေပေါ်လာရင်
Vol up ကိုနှိပ်ပေးလိုက်ရင် Download Mode ထဲဝင်သွားပါပြီ…

ပုံ(၁)
Odin ကိုဖွင့်ပါ..PDA နေရာမှာ ဖြည်ချထားတဲ့ Firmware ကိုရွေးပေးလိုက်ပါ..Download Mode ၀င်ထားတဲ့ phone ကို
computer နဲ့ ချိတ်လိုက်ပါ.Odin မှာ Driver သိသွားတာနဲ့  start ကိုနှိပ်ပေးလိုက်ပါ..ခန့် မှန်းခြေ ၁၀ မိနစ်ဝန်းကျင်လောက်ကြာပါတယ်..

ပုံ (၂)
Firmware တင်ပြီးရင် Odin မှာ PASS ပေါ်ပါမယ်..  phone မှာ restart ကျပြီး official 4.3 လေးနဲ့ ပြန်တက်လာပါပြီ..
ပုံ(၃)
ပြီးရင် Root လုပ်ရအောင်ဗျာ.  Online မှာ N7100 4.3 အတွက် CF Auto root တွေ့ ပေမယ့် စမ်းကြည့်တာ အဆင်မပြေပါဘူး..
recovery တင်ပြီးတော့ပဲ root လုပ်ကြတာပေါ့..  လိုအပ်တဲ့ Custom Recovery ကို အောက်မှာ Down လိုက်ပါ..

Custom recovery download

Download Here CWM

Download SuperSu

ပြီးရင် Phone ကိုပါဝါပိတ်ပြီး Download Mode ၀င်လိုက်ပါ..
ပြီးရင် Odin ရဲ့  PDA နေရာမှာ Download ဆွဲထားတဲ့ Recovery လေးကိုဖြည်ချပြီး ထည့်ပေးလိုက်ပါ..
Odin မှာ Reset ဖြစ်သွားပြီး Firmware ပြန်တက်လာရင် Recovery တင်ပြီးပါပြီ..
Update Super su လေးကို SD Card ထဲထည့်ပြီး Phone ကိုပြန်ပိတ်လိုက်ပါ..
Recovery Mode ဝင်ပါမယ်.. Vol up + Home + Power ကိုစုံဖိထားပါ..
Logo နှစ်ခါလောက်ပေါ်ရင် ခလုတ်အားလုံးစုံလွှတ်လိုက်ပါ..ပန်းရောင် screen လေးနဲ့ recovery ထဲဝင်သွားပါပြီ..

ပြီးရင် install zip > choose zip from sd card ကနေ update super su လေးကိုရွေးပေးလိုက်ပါ..

 ပုံ(၄) ပုံ(၅)
သူ့ ဟာသူ  install လုပ်နေပါမယ်.. done ဖြစ်သွားရင်တော့ back နဲ့ ပြန်ထွက်ပြီး reboot system now ကိုရွေးပေးလိုက်ရင်တော့ root လုပ်ခြင်းပြီးစီးပါပြီ..
ပုံ(၆)
4.3 တွေမှာမြန်မာစာ စာလုံးပေါင်းမှန်ပေမယ့် ယပင့်တွေအထဲဝင်နေခြင်း ငသတ်တွေလွဲနေခြင်း စတဲ့ပြသနာတွေရှိပါတယ်..
အဲ့ပြသနာကိုဖြေရှင်းရန် ကို Djjoe Man (MMF) ရေးထားတဲ့ Font changer လေးကိုသုံးလိုက်ပါ..

Font Changer Download Here

Phone ထဲမှာ install လုပ်လိုက်ပါ..ပြီးရင် Install now ကိုနှိပ်ပြီး Super su request တောင်းပါမယ်..
Grant နှိပ်ပေးလိုက်ပါ…ပြီးရင် restart ကျပြီး..မြန်မာစာကို မှန်ကန်စွာမြင်ရပါပြီ..အားလုံးအဆင်ပြေကြပါစေ…

ပုံ(၇)
Credit To : KO SI Thu & Djjoe Man
သူတို့နှစ်ယောက်စမ်းသပ်ပြီးသလိုကျွန်တော်လဲစမ်းသပ်ပြီးပါပြီ အားလုံးအဆင်ပြေပါတယ်..။
Thank to : http://www.myanmarm

0 comments:

Post a Comment

:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
CAR SHOWROOM © 2013. All Rights Reserved. theinzawtun by Blogger
Top
Blogger Widgets