ကိုတင်ငွေဖြည့်ကဒ်များ ငွေဖြည့်ရာတွင် သတိပြုစရာ


ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်မြို့နယ်တွင် ဇန်နဝါရီလ(၅)ရက်နေ့ ညနေပိုင်း တွင်…..မိုလ်ဘိုင်းဆိုင်မှ MEC အမှတ်တံဆိပ်ပါ CDMA 800MHZ ကြိုတင်ငွေဖြည့်ကဒ် ကျပ်၅၀၀၀တန် ငွေဖြည့် ကဒ်ကို ဝယ်ယူ၍ ငွေဖြည့်ရာတွင် ၄င်း၏ ယခင်လက်ကျန်ငွေသည် ၁၀၅၀ကျပ်ရှိရာ အဆိုပါ ကျပ်၅၀၀၀တန် ငွေဖြည့်ကဒ်ကိုပါထည့်သွင်းလိုက်ပြီး စုစုပေါင်းငွေကျပ် မည်မျှရှိသနည်းဟု ပြန်စစ်ကြည့်ရာတွင် ၃၉၅၀ကျပ်သာ ရှိသည် ထိုအချိန်မှာတွင် ချက်ချင်း ယင်း MEC CDMA 800MHZ ကြိုတင်ငွေဖြည့်ကဒ်အရောင်း …..မိုလ်ဘိုင်း ဆိုင်သို့ သွားရောက်ပြီး အကျိုးအကြောင်း မေးမြန်းပြောပြခဲ့ရာတွင် ၄င်းနှင့် မသက်ဆိုင်ကြောင်း၊ မြန်မာ့ဆက်သွယ် ရေးနှင့် သတင်းအချက်အလက် နည်းပညာဌာနနှင့် သာသက်ဆိုင်သည်ဟု ပြောကြားခဲ့သည်။
  ပြည်သူများအနေဖြင့် ယင်းကဲ့သို့ တစ်နေလျှင် တစ်ဦးကို ငွေကျပ်(၂၀၀၀)ကျော် (၁၀)လောက်သာ ကွာခဲ့လျှင် ပြည်သူများဘက်မှသာ နှစ်နာခြင်းများစွာနှင့်ရင်ဆိုင်နေရပါသည်။
ထိုကိစ္စရပ်များကို သက်ဆိုင်ရာမှ တာဝန်ရှိသူများ အနေဖြင့် အမြန်ဆုံး စိစစ်ဆောင်ရွက်ပေးသင့်ကြောင်း တန်ဖိုးနည်း မိုလ်ဘိုင်ဖုန်းကိုင်သူများက ပြောသည်။
“ကျွန်တော် ပထမ လက်ကျန်ငွေ ၁၀၅၀ ရှိပါတယ်။ နောက်ပြီးတော့ …..မိုလ်ဘိုင်းဆိုင်က MECအမှတ်တံ ဆိပ်ပါ CDMA 800 MHZ  ကျပ်ငါးထောင်တန် ကြိုတင် ငွေဖြည့်ကဒ်ကို ဝယ်ပြီး ငွေဖြည့်ခဲ့ပါတယ်။ ပြီးတော့ ငွေပြန်စစ်ကြည့်မိရာ စုစုပေါင်းဖြစ်လာရင် ၆၀၅၀ဖြစ်ရမှာကို ၃၉၅၀ကျပ်ပဲ ပြပါတယ်။ ဒီလိုသာ တစ်လျှင် (၁၀)ဦး လောက်သာ ကွာသွားရင် ကျွန်တော်တို့ ပြည်သူတွေဘက်က အတော်လေးနစ်နားနေကြပါလိမ့်မယ်။ မြန်မာ့ဆက် သွယ်ရုံးအနေဖြင့်လည်း မြန်ဆုံး စိစစ်ပေးစေချင်ပါတယ်”ဟု ၄င်း တန်ဖိုးနည်း မိုလ်ဘိုင်းဖုန်းကိုင်ဆောင်သူ တစ်ဦး ထံမှ သိရှိရပါသည်။
အဆိုပါ အမှတ်တံဆိပ်ပါ ငွေဖြည့်ကဒ်များအား ပြည်သူများအနေဖြင့် အထူးပင် ဂရုစိုက်သင့်ပါသည်။


မြင့်မြတ်အောင်မြင်
Myanmar CNN မှ တင်ဆက်သည်။

0 comments:

Post a Comment

 
CAR SHOWROOM © 2013. All Rights Reserved. theinzawtun by Blogger
Top
Blogger Widgets