CDMA 800 ဖုန်းများ မကြာမီအင်တာနက်လျှောက်ထားနိုင်မည်


၀၉-၇၃ ဖြင့် စသည့် စီဒီအမ်အေ မိုဘိုင်းဖုန်းများ အင်တာနက်လိုင်း မကြာမီ ပြန်လည်လျှောက်ထား နိုင်တော့မည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။ ယခင်က အဆိုပါ မိုဘိုင်းဖုန်းလိုင်း အင်အား လုံလောက်မှု မရှိဖြစ်နေသဖြင့် အင်တာနက်လိုင်း ဖွင့်ပေးမှုကို ကာလအတန်ကြာ ရပ်ဆိုင်းထားပြီး ယခုလိုင်းများ ပြန်လည် တိုးချဲ့ပြီးစီးပြီ ဖြစ်သောကြောင့် ပြန်လည်လျှောက်ထားခွင့် ပြုသွားမည် ဖြစ်ကြောင်း သိရသည်။ “အရင်ကတော့ စီဒီအမ်အေ ဖုန်းတွေက အသုံးပြုတာ များတဲ့အတွက် လိုင်းပြည့်တာတွေ ရှိတယ်။ အခုလိုင်းတွေ ချဲ့သင့်သလောက်ချဲ့ပြီး အင်တာနက်လိုင်း ပြန်လျှောက်ခွင့်ပြုမှာ ဖြစ်ပါတယ်။ အရင်ပုံစံအတိုင်းပဲ ပြန်လျှောက်လို့ရမယ်” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိတွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ကမ်းရိုးတန်းဖုန်းများဖြစ်သည့် စီဒီအမ်အေနှင့် WCDMA ဖုန်းများ ချထားပေးလျက်ရှိပြီး ဂျီအက်စ်အမ်လိုင်းနှင့် WCDMA ဖုန်းများလည်း အင်တာနက်လိုင်း လျှောက်ထားနိုင်ကြောင်း သိရသည်။ “လိုင်းတိုးချဲ့ပြီးမှ အင်တာနက်လိုင်း ပြန်ချပေးရတာ အဆင်ပြေတယ်။ လိုင်းကျပ်နေရင်လဲ အဆင်မပြေတာတွေ ဖြစ်နိုင်တယ်” ဟု ယင်းက ထပ်မံပြောသည်။ စီဒီအမ်အေ ၈၀၀ Mhz ဖုန်းများအတွက် အင်တာနက်လိုင်းကို ဖုန်းဖြင့် မတ်ဆေ့ခ်ျပေးပို့၍ လျှောက်ထားနိုင်သည့် စနစ်ဖြင့်လည်း ပြန်လည် လျှောက်ထားနိုင်ကြောင်း သိရသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်တာနက် အသုံးပြုခကို ဂျီအက်စ်အမ် အမျိုးအစားအတွက် တစ်မိနစ်လျှင် နှစ်ကျပ်၊ WCDMA နှင့် CDMA ၈၀၀ အမျိုးအစားအတွက် တစ်မိနစ်လျှင် လေးကျပ် အသီးသီး ကောက်ခံလျက်ရှိကြောင်း ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၁၆ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။
By ခေတ်လူငယ်

0 comments:

Post a Comment

 
CAR SHOWROOM © 2013. All Rights Reserved. theinzawtun by Blogger
Top
Blogger Widgets